သင့်အတွက် ဈေးကွက်ထိုးဖောက်ရေး နည်းလမ်းများ

ဖေ့ဘုတ်က ကြော်ငြာတယ် ဆိုတဲ့ အသုံးအနှုန်းကို အမြဲတတ်နိုင်သလောက် ရှောင်ပြီး သုံးတာကို အများက သတိမပြု မိကြပါဘူး။ Facebook ဆိုတာ ကြော်ငြာတွေ ပြည့်နေတဲ့ နေရာလို့ လူတွေကို မထင်ရအောင် ပုံသွင်း တည်ဆောက်ထားပါတယ်။ တရားဝင် သူတို့ ခေါ်ဝေါ် သုံးနှုန်းတာက "Global Marketing Solutions at Facebook" လို့ဘဲ သုံးနှုန်းပါတယ်။ 

ဖေ့ဘုတ်က ဂူဂဲထက် သာတာက ယောကျ်ား/ မိန်းမ ခွဲပြီး ကြော်ငြာ နိုင်ပါတယ်။ မိတ်ကပ် ကြော်ငြာမို့လို့ ယောကျာ်းတွေ သွားပြ မနေနဲ့ အလကား ကြော်ငြာခ ကုန်တယ်။ ယောကျား ဘိနပ် ကြော်ငြာကို မိန်းခလေး တွေ သွားပြ မနေနဲ့လို့ ထိမ်းချုပ်လို့ ရတဲ့ ကြော်ငြာ နည်းပညာ ဖြစ်ပါတယ်။ လူငယ်ကို ကြော်ငြာမယ့် ပစ္စည်းကို သက်ကြီး ရွယ်အိုတွေကို သွားမပြနဲ့လို့လည်း ထိမ်းချုပ်လို့ ရပါတယ်။

ဒါကြောင့် broadcast advertising ဆိုတာရဲ့ ပြောင်းပြန်၊ narrowcast advertising ဆိုတဲ့ sniper လို ချိန်ရွယ် ပစ်လို့ရတဲ့ နည်းပညာကို ဖေ့ဘုတ်က သင့်ကို အသုံးချခွင့် ပေးပါတယ်။ သုံးချင်ရင် လုပ်ဘို့နည်းကတော့ ဖေ့ဘုတ်ကို ငွေပေးကြော်ငြာတာဘဲ ဖြစ်ပါတယ်။