ကြော်ငြာ ဆောင်းပါး ဆိုတာ...

သင် ဖေ့ဘုတ်ပေါ်မှာ ရေးလိုက်တိုင်း လူတိုင်းက မြင်ကြမှာ မဟုတ်ကြောင်း သင်သိကောင်း သိပါလိမ့်မယ်။ သင်ရေးရင် သင့် မိတ်ဆွေတွေက မြင်မယ်။ အခြားလူတွေ မမြင်ကြဘူး။

သင့် Facebook business fan page မှာ ရေးလိုက်ရင်၊ Like လုပ်ထားဘူးတဲ့ သူတွေထဲက အချို့မြင်ကြမယ်၊ အချို့က မမြင်ကြ ပြန်ဘူး။ အစကတော့ Like လုပ်ထားသူတွေ အားလုံးကို သွားပြနိုင်ခဲ့ပေမဲ့၊ အများ များလွန်းလာတဲ့အခါ Like လုပ်ခဲ့ဖူးတဲ့ fan အားလုံးကို သွား မပြပေးတော့ပါဘူး။ ဒီအခါမှာ ငွေပေးပြီး သွားပြခိုင်းတဲ့ ‘ကြော်ငြာ ဆောင်းပါး’ ဆိုတာ ပေါ်လာပါတယ်။ ဒါဟာ Facebook လုပ်ငန်းရှင်တွေကို ငွေတောင်းတဲ့ ကြော်ငြာ နည်းဗျုဟာ တစ်ခုဘဲ ဖြစ်ပါတယ်။