အမေးများတာတွေ / FAQ

Advertising Myanmar .com: Your reliable advertising agency in Myanmar

English Chinese (Simplified) French German Japanese Malay Thai



 

Advertising on Facebook

Facebook (ဖေ့ဘုတ်) ပေါ်မှာ ကြော်ငြာချင်ရင်...

Facebook advertising in Myanmar

အင်တာနက်ပေါ်မှာ ကြော်ငြာမယ်ဆိုရုင် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ ကွန်ယက်ဖြစ်တဲ့ ဂူဂဲလ် (Google.com) နဲ့ ဖေ့ဘုတ် (Facebook.com) ပေါ်မှာ ကြော်ငြာတာကတော့ အထိရောက်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လူအတော်များများ မေးတတ်ကြတဲ့ ကိစ္စတွေကို ဒီလို ရှင်းလင်း တင်းပြလို ပါတယ်။ သိလိုတဲ့အကြောင်းကို မေးခွန်းပေါ်မှာ ကလစ်လုပ်လိုက်ပါ။

သင့်အတွက် ဈေးကွက်ထိုးဖောက်ရေး နည်းလမ်းများ

ဖေ့ဘုတ်က ကြော်ငြာတယ် ဆိုတဲ့ အသုံးအနှုန်းကို အမြဲတတ်နိုင်သလောက် ရှောင်ပြီး သုံးတာကို အများက သတိမပြု မိကြပါဘူး။ Facebook ဆိုတာ ကြော်ငြာတွေ ပြည့်နေတဲ့ နေရာလို့ လူတွေကို မထင်ရအောင် ပုံသွင်း တည်ဆောက်ထားပါတယ်။ တရားဝင် သူတို့ ခေါ်ဝေါ် သုံးနှုန်းတာက "Global Marketing Solutions at Facebook" လို့ဘဲ သုံးနှုန်းပါတယ်။ 

ဖေ့ဘုတ်က ဂူဂဲထက် သာတာက ယောကျ်ား/ မိန်းမ ခွဲပြီး ကြော်ငြာ နိုင်ပါတယ်။ မိတ်ကပ် ကြော်ငြာမို့လို့ ယောကျာ်းတွေ သွားပြ မနေနဲ့ အလကား ကြော်ငြာခ ကုန်တယ်။ ယောကျား ဘိနပ် ကြော်ငြာကို မိန်းခလေး တွေ သွားပြ မနေနဲ့လို့ ထိမ်းချုပ်လို့ ရတဲ့ ကြော်ငြာ နည်းပညာ ဖြစ်ပါတယ်။ လူငယ်ကို ကြော်ငြာမယ့် ပစ္စည်းကို သက်ကြီး ရွယ်အိုတွေကို သွားမပြနဲ့လို့လည်း ထိမ်းချုပ်လို့ ရပါတယ်။

ဒါကြောင့် broadcast advertising ဆိုတာရဲ့ ပြောင်းပြန်၊ narrowcast advertising ဆိုတဲ့ sniper လို ချိန်ရွယ် ပစ်လို့ရတဲ့ နည်းပညာကို ဖေ့ဘုတ်က သင့်ကို အသုံးချခွင့် ပေးပါတယ်။ သုံးချင်ရင် လုပ်ဘို့နည်းကတော့ ဖေ့ဘုတ်ကို ငွေပေးကြော်ငြာတာဘဲ ဖြစ်ပါတယ်။

ကြော်ငြာ ဆောင်းပါး ဆိုတာ...

သင် ဖေ့ဘုတ်ပေါ်မှာ ရေးလိုက်တိုင်း လူတိုင်းက မြင်ကြမှာ မဟုတ်ကြောင်း သင်သိကောင်း သိပါလိမ့်မယ်။ သင်ရေးရင် သင့် မိတ်ဆွေတွေက မြင်မယ်။ အခြားလူတွေ မမြင်ကြဘူး။

သင့် Facebook business fan page မှာ ရေးလိုက်ရင်၊ Like လုပ်ထားဘူးတဲ့ သူတွေထဲက အချို့မြင်ကြမယ်၊ အချို့က မမြင်ကြ ပြန်ဘူး။ အစကတော့ Like လုပ်ထားသူတွေ အားလုံးကို သွားပြနိုင်ခဲ့ပေမဲ့၊ အများ များလွန်းလာတဲ့အခါ Like လုပ်ခဲ့ဖူးတဲ့ fan အားလုံးကို သွား မပြပေးတော့ပါဘူး။ ဒီအခါမှာ ငွေပေးပြီး သွားပြခိုင်းတဲ့ ‘ကြော်ငြာ ဆောင်းပါး’ ဆိုတာ ပေါ်လာပါတယ်။ ဒါဟာ Facebook လုပ်ငန်းရှင်တွေကို ငွေတောင်းတဲ့ ကြော်ငြာ နည်းဗျုဟာ တစ်ခုဘဲ ဖြစ်ပါတယ်။

Facebook မှာ ဘာကြောင့် ကြော်ငြာ ထည့်သင့်သလဲ?

Facebook ကတော့ ကမ္ဘာ့ အကြီးဆုံး လူမှု ကွန်ယက် ဖြစ်တယ် ဆိုတာ သိကြာမှာပါ။ ဒါဟာ ယခုခေတ်ရဲ့ personalized သတင်းစာ မီဒီယာ လည်း ဖြစ်လာပါတယ်။

Advertising in Myanmar with free Classified Ads (အခမဲ့ ကြော်ငြာ ကဏ္ဍ)

Google+

ဖုန်းသာဆက်လိုက်ပါ
 

☎ 09 979 300 900


ad mar digital marketing
Advertising Myanmar .com: Advertising Division of Myanmars.NET

3/1 Myanmar ICT Park, Yangon 11052, Myanmar.
Yangon: (+95) 09 979 300 900,
(+95-1) 652323, 652250
Bangkok: (+66) 080-776-2610
New York: (+1) 646-867-3932
California: (+1) 707-988-0300

We have 114 guests and no members online

  page views so far.

Shopping Cart: you have chosen to order these...

 x 
Cart empty